လက်ရှိအလုပ်မှာ
ပျော်ရွှင်နေပါ
သလား?
ဂျပန်တွင်အလုပ်လုပ်နေသူများ၏ပျော်ရွှင်ဖွယ်ဘဝနေထိုင်နိုင်ရေးအတွက်အထောက် အပံ့ပေးမယ့်
with
CONCEPT
အလုပ်လုပ်ရုံမကဂျပန်မှာ ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်သော ဘဝကိုဖန်တီးနိုင်အောင် ကူညီပေးတဲ့ ဝန်ဆောင်မှု
「My Life with…」 ကမှတ်ပုံတင်ထားသော ထောက်ပံ့ကူညီရေးအဖွဲ့အစည်း Bricks&UK က
ဂျပန်နှင့် ဂျပန်သို့ လာရောက်သော နိုင်ငံခြားသားများကိုချိတ်ဆက်ပေးရန် အကြံပြုထားတဲ့ပလက်ဖောင်းပါ။
ကျွန်ုပ်တို့သည် ဂျပန်သို့ လာရောက်ကြသော နိုင်ငံခြားသားများကိုအလုပ်လုပ်သူများအဖြစ်သာ မမြင်ဘဲဂျပန်မှာ အတူတကွ ဘဝကို မျှဝေသည့် မိတ်ဆွေများအဖြစ် ထောက်ပံ့ကူညီပါတယ်။နွေးထွေးမှုနှင့် စိတ်ချမ်းသာမှု ပြည့်ဝသော လူမှုအသိုင်းအဝိုင်းကိုအတူတကွ ဖန်တီးသွားရန် မျှော်လင့်ပါတယ်။
ဂျပန်ကို အလုပ်လုပ်ဖို့ လာမယ့်သူတွေ၊အခုလက်ရှိဂျပန်မှာ အလုပ်လုပ်နေတဲ့သူတွေ အားလုံးအတွက်အလုပ်ပတ်ဝန်းကျင် ပိုကောင်းလာအောင် ကူညီပေးပြီးနေ့စဉ်ဘဝမှာလည်း အထောက်အကူ ပေးပါတယ်။
အလုပ်လုပ်ရုံတင် မဟုတ်ဘဲဂျပန်မှာ တကယ်ပဲ ပျော်ရွှင်ပြီး ပြည့်ဝတဲ့ ဘဝကို နေနိုင်အောင်ကျွန်ုပ်တို့က အားလုံးအတွက် အပြည့်အဝ ကူညီပံ့ပိုးပေးပါမယ်။
ဂျပန်မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေကို With Member လို့ ခေါ်ပြီးကျွန်ုပ်တို့ရဲ့ လှုပ်ရှားမှုကို ကူညီပေးတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေကိုWith Partner လို့ ခေါ်ပါတယ်။With Member နဲ့ With Partner တို့နဲ့အတူဘဝနားမှာ နီးနီးကပ်ကပ် ရပ်တည်ပြီးအတူတကွ လျှောက်လှမ်းသွားမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။
OUR SERVICES
ကျွန်ုပ်တို့ရဲ့ ပံ့ပိုးကူညီမှုနှင့်ပက်သက်ရျ်
Bricks&UK ကအခွန်အကြံပေး၊ အလုပ်သမားရေးရာ အကြံပေးတွေကို အဓိကထားတဲ့အထွေထွေ အကြံပေးရုံးဖြစ်ပြီးWith Partners တွေနဲ့အတူအလုပ်အကိုင်အတွက်ပဲ မဟုတ်ဘဲ
ဂျပန်မှာ နေထိုင်ရတာ ပိုပြီး ပြည့်ဝအောင်အမျိုးမျိုး ကူညီပံ့ပိုးပေးနေပါတယ်။
-
-
-
နေထိုင်ခွင့်.ဥပဒေရေးရာပံံ့ပိုးကူညီမှု
ဗီဇာသက်တမ်းတိုးတာ၊ နေထိုင်ခွင့်ပြောင်းတာကဘဝနဲ့ အလုပ်အတွက် အရေးကြီးဆုံး အချက်ပါ။
ဥပဒေရေးရာ အထူးကျွမ်းကျင်သူအဖွဲ့နဲ့အတူမြန်မာဘာသာနဲ့ နားလည်လွယ်အောင်
ကူညီပံ့ပိုးပေးပါတယ်။
-
-
-
-
ဘဝနေထိုင်မှု・အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း ပံ့ပိုးကူညီမှု
မြို့နယ်ရုံး၊ ဘဏ်၊ ဖုန်း၊ အာမခံ စတဲ့ ကိစ္စတွေကဂျပန်ကို အသစ်ရောက်လာသူတွေအတွက်ပထမဆုံးလမှာအရမ်းခက်ခဲတတ်ပါတယ်။ထိုကိစ္စများကိုအတူလိုက်လုပ်ပေးတာ၊ ဘာသာပြန်ပေးတာ၊စာရွက်စာတမ်းတွေကို ကူညီပြင်ဆင်ပေးတာတွေဖြင့်အစအဆုံးကူညီပံ့ပိုးပေးပါတယ်။
-
-
-
-
အလုပ်အကိုင်・လုပ်သားရေးရာ・လစာ ပံ့ပိုးကူညီမှု
လစာစာရွက်၊ အချိန်ပိုအလုပ်၊ အာမခံ၊ ခွင့်ရက်တွေကဂျပန်မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေအတွက်အရမ်ူနားလည်ရခက်တတ်ပါတယ်။
社労士 (しゃろうし)လို့ခေါ်တဲ့(လူမှုအာမခံနှင့် အလုပ်သမားရေးရာ အကြံပေး)ကျွမ်းကျင်သူတွေနဲ့ဘာသာပြန်အကူအညီကို သုံးပြီးအလုပ်ရှင်နဲ့ အလုပ်သမားကြားကိုချိတ်ဆက်ကူညီပေးပါတယ်။
-
-
-
-
ကျန်းမာရေး・စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ပံ့ပိုးကူညီမှု
မြန်မာလူမျိုးတွေက အားနာတတ်လို့နေမကောင်းတာ၊ စိတ်ပူပန်တာတွေကိုတစ်ယောက်တည်း မျိုသိပ်ထားတတ်ပါတယ်။ဆေးရုံအတူလိုက်ပေးတာ၊စိတ်အကြောင်း ဆွေးနွေးတိုင်ပင်ပေးတာ၊နေ့စဉ်ဘဝ စည်းကမ်းကို ကူညီညှိပေးတာတွေကိုအထူးကျွမ်းကျင်သူတွေ၊ ဒေသခံအဖွဲ့တွေနဲ့အတူပူးပေါင်းပြီး ကူညီပံ့ပိုးပေးပါတယ်။
-
-
-
-
ဂျပန်ဘာသာစကား・ယဉ်ကျေးမှု ပညာရေး ပံ့ပိုးကူညီမှု
“စကားမတတ်ခြင်း = အထီးကျန်ခြင်း” ဖြစ်လာနိုင်သဖြင့်နေ့စဉ်ဘဝ၊ အလုပ်ခွင်နှင့် ဒေသအတွင်း အမြစ်ချနိုင်ရန်လက်တွေ့အသုံးချနိုင်သောဂျပန်ဘာသာစကား ပညာရေးသည်အရေးပါဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခု
ဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့ အလုပ်မှာ တကယ်အသုံးချနိုင်တဲ့ဂျပန်စာသင်တန်းတွေကိုMy Life with ရဲ့ E-learning နဲ့လက်တွေ့သင်တန်းတွေကို ပေါင်းစပ်ပြီးဒေသတွင်း နေထိုင်မှုနှင့် အလုပ်အကိုင်ဘဝကိုအပြည့်အဝ ပံ့ပိုးကူညီပေးပါတယ်။
-
-
-
-
လုပ်ငန်းနှင့် အတူလိုက်ပါကူညီမှု・အလုပ်အကိုင် တည်မြဲရေး ပံ့ပိုးကူညီမှု
ကုမ္ပဏီကို ပုံမှန်လာတွေ့တာ၊အလုပ်သမားနဲ့ စကားပြောတာ၊အစီရင်ခံစာရေးတာ၊
အလုပ်ခွင်ပတ်ဝန်းကျင်ကို ညှိနှိုင်းပေးတာတွေကိုအထူးကျွမ်းကျင်သူတွေနဲ့ စနစ်တကျ လုပ်ဆောင်ပေးပါတယ်။အဲဒီလိုနဲ့ဂျပန်ကုမ္ပဏီနဲ့ နိုင်ငံခြားသားအလုပ်သမားကြားကိုချိတ်ဆက်ပေးပြီးအလုပ်မှာ ကြာရှည်နေထိုင်နိုင်အောင်ကူညီပံ့ပိုးပေးပါတယ်။
-
-
-
-
အသိုင်းအဝိုင်း・သတင်းအချက်အလက် ဖြန့်ဝေမှု ပံ့ပိုးကူညီမှု
အထီးကျန်မှုကို လျှော့ချပြီးမိခင်ဘာသာဖြင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပေးပို့နိုင်ခြင်းသည်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အဖြစ် အလွန်
အရေးကြီးပါတယ်။ SNS၊ ရေဒီယို၊ YouTube၊ သတင်းလွှာတွေကနေဘာသာစကားအမျိုးမျိုးနဲ့ သတင်းပို့ပေးလို့နိုင်ငံခြားမှာ နေရတာ ပိုပြီး စိတ်ချလက်ချ ဖြစ်စေမှာပါ။
-
-
-
-
အလုပ်အကိုင် လမ်းကြောင်း・အနာဂတ် စီမံကိန်း ပံ့ပိုးကူညီမှု
“ဒီအလုပ်ကို ဘယ်အချိန်ထိ ဆက်လုပ်ရမလဲ?” ဆိုတဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးရန်
အခွန်အကြံပေး (税理士(ぜいりし))、လူမှုအာမခံနှင့် အလုပ်သမားရေးရာ အကြံပေး (社労士(しゃろうし))、ကယ်ရီယာ အကြံပေး (Career Consultant) များကအတူတကွ စဉ်းစားပြီး “၅ နှစ်အနာဂတ် စီမံကိန်း” ကို ရေးဆွဲပေးပါတယ်။
-
-
-
-
အရည်အချင်းမြင့် လူ့စွမ်းရည်တိုးတက်ရေး ပံ့ပိုးကူညီမှု
My Life with က
သင်ကြားရေး၊ ဥပဒေရေးရာ၊ အလုပ်ပြောင်းရေးကိုတစ်နေရာတည်းမှာ ဆက်တိုက် ကူညီပေးနိုင်ပါတယ်။စွမ်းရည်(Level) တိုးတက်ချင်တဲ့ လူတွေကိုပိုတန်ဖိုးရှိတဲ့ လူအဖြစ် တစ်ဆင့်ချင်း မြှင့်တင်ပြီးအိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင်အတူကူညီပေးပါတယ်။
-
-
-
-
အမြဲတမ်းနေထိုင်ခွင့် ဗီဇာ・ရေရှည်နေထိုင်ရေး ပံ့ပိုးကူညီမှု
ဂျပန်ကို လာတဲ့အချိန်ကနေရေရှည် နေထိုင်နိုင်အောင်အလုပ်လမ်းကြောင်းကို အတူစဉ်းစားပေးပါတယ်။ Bricks & UK ၏အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအကြံပေး (行政書士(ぎょうせいしょし))、အခွန်အကြံပေး (税理士(ぜいりし))、လူမှုအာမခံနှင့် အလုပ်သမားရေးရာ အကြံပေး (社労士(しゃろうし)) တွေနဲ့ အတူအမြဲတမ်း နေထိုင်ခွင့်ရအောင်ကူညီပံ့ပိုးပေးပါတယ်။
-
-
-
-
ဂလိုဘယ် ကယ်ရီယာ・နိုင်ငံတကာ စီးပွားရေး တိုးချဲ့ရေး ပံ့ပိုးကူညီမှု
ဂျပန်မှာ သင်ယူထားတဲ့ နည်းပညာနဲ့စီမံခန့်ခွဲမှု အတွေ့အကြုံကိုကိုယ့်နိုင်ငံမှာ အသုံးချချင်သူတွေအတွက်Bricks & UK ရဲ့ နိုင်ငံတကာ အထူးကျွမ်းကျင်သူကွန်ရက်ကနောက်တစ်ဆင့် စိန်ခေါ်မှုကိုအတူကူညီပေးပါတယ်။ “ဂျပန်မှာ သင်ယူခြင်း” မှ“မိခင်နိုင်ငံတွင် လုပ်ငန်း တည်ဆောက်ခြင်း” သို့တကယ်ဖြစ်လာအောင် ကူညီပံ့ပိုးပေးပါတယ်။
-
OUR PARTNERS
With Partner ဆိုတာက
My Life with ရဲ့ အယူအဆကို သဘောတူပြီးအတူတကွ နေထိုင်နိုင်တဲ့ စိတ်ချမ်းသာ လူမှုအဖွဲ့အစည်းကိုဖန်တီးချင်တဲ့ မိတ်ဖက်တွေကို ဆိုလိုတာပါ။တစ်ယောက်တည်းနဲ့ မလုပ်နိုင်တဲ့ အရာတွေကို“My Life with…” ရဲ့ စက်ဝိုင်းကို ချဲ့သွားရင်းကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်
တယ်လို့ကျွန်ုပ်တို့ ယုံကြည်ပါတယ်။.
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
PARTNERS
MY
LIFE
WITH
MEMBERS
MY
LIFE
WITH
ဂျပန်မှာ နေရတာ ပိုလွယ်ကူအောင်
အမျိုးမျိုးသော Event တွေကို စီစဉ်ပေးနေပါတယ်။ယဉ်ကျေးမှု အတွေ့အကြုံတွေ၊
သူငယ်ချင်းတွေတွေ့ဆုံနိုင်တဲ့ ပွဲတွေ၊နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ သတင်းဆွေးနွေးပွဲတွေ ပါဝင်ပါတယ်။
နောက်ထပ် Event တွေနဲ့ သတင်းတွေကိုမလွတ်မပေါက် သိချင်ရင်Facebook နဲ့ Instagram ကို Follow လုပ်ထားပါနော်။အားလုံးနဲ့ အတူ တိုးတက်ကြီးပွါးပြီးဆက်လက် ကူညီပံ့ပိုးပေးနိုင်ဖို့ကျွန်ုပ်တို့ စောင့်မျှော်နေပါတယ်။
COMPANY
Bricks & UK အကြောင်း
Bricks & UK အဖွဲ့ကစီးပွားရေးလုပ်ငန်းရှင်တွေဘက်မှာ ရပ်တည်ပြီး
အတူတကွ လက်တွဲလုပ်ဆောင်ပေးတဲ့အထွေထွေ အကြံပေးရုံးတစ်ခုဖြစ်ပါတယ်။
အခုအချိန်ထိအလတ်စားနဲ့ အသေးစား လုပ်ငန်းများစွာကိုဆက်လက် ကူညီပံ့ပိုးလာခဲ့ပါတယ်။
အခုတော့ စိန်ခေါ်မှုအသစ်အနေနဲ့ကမ္ဘာအနှံ့က မိတ်ဆွေတွေကိုဂျပန်မှာ “အတူတကွ အသက်ရှင်နေထိုင်နိုင်ဖို့”ကူညီပံ့ပိုးပေးတဲ့ လုပ်ဆောင်ချက်ကိုစတင်လိုက်ပါတယ်။
“My Life with…” က
နိုင်ငံခြားသားတွေ ဂျပန်မှာစိတ်ချလက်ချ နေထိုင်နိုင်အောင်၊လုပ်ငန်းတွေက ယုံကြည်မှုနဲ့လက်ခံနိုင်အောင်၊ဒေသအသိုင်းအဝိုင်းတွေကအပြုံးတွေနဲ့ ချိတ်ဆက်နိုင်အောင်ဖန်တီးထားတဲ့ ပလက်ဖောင်းတစ်ခုပါ။
အလုပ်လုပ်တာကဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ကျွန်ုပ်တို့ကအလုပ်အတွက်သာ မဟုတ်ဘဲလူတစ်ယောက်ရဲ့ “ဘတစ်လျှောက်လုံး” ကိုကူညီပံ့ပိုးချင်ပါတယ်။ဂျပန်ကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို“သင့်နေရာက ဒီမှာပါ” လို့ပြောပြချင်ပါတယ်။
“With” ဆိုတဲ့ ချိတ်ဆက်မှုကို ချဲ့သွားရင်းနိုင်ငံခြားသားတွေ၊ လုပ်ငန်းတွေ၊ ဒေသတွေ၊
ဂျပန်လူမှုအဖွဲ့အစည်း အားလုံးကပိုမို ကြွယ်ဝလာမယ်လို့ကျွန်ုပ်တို့ ယုံကြည်ပါတယ်။
ဒါကBricks & UK က ရည်ရွယ်ထားတဲ့
“လူမှုအဖွဲ့အစည်းကို ပိုကောင်းအောင် လုပ်ဆောင်ခြင်း”အတွက် ပုံစံအသစ်တစ်ခုပါ။
- ကုမ္ပဏီအမည်
- Bricks&UK Co. Ltd
- ကိုယ်စားလှယ်
- ခါဂျိဥရာ အုရှိအို
- တိုကျိုရုံးချုပ်
- 〒108-0075 東京都港区港南1-7-18 A-PLACE品川東 မူလအဆောင် ၃ထပ်
- နာဂိုယာရုံးခွဲ
- 〒460-0003 愛知県名古屋市中区錦2丁目13-19 瀧定အဆောက်အဦး ၇ထပ်
- TEL
- +8152-228-0758
- FAX
- +8152-228-0184
- မှတ်ပုံတင်နံပါတ်
- ******
CONTACT
အောက်က ဖောင်ကို ဖြည့်လိုက်ပါနော်။
နောက်မှ တာဝန်ရှိသူကပြန်လည် ဆက်သွယ်ပြီး
ဝန်ဆောင်မှုအကြောင်းနဲ့မေးချင်တာတွေကို
သေချာ ရှင်းပြပေးပါမယ်။